Wednesday, 31 October 2012

စာသင်ခန်းမှပေးသော ရွှင်လန်းဘွယ်ရာပုံပြင်များ


                 
ဟိုတုံးက မုတ်ဆိုးကြီးတယောက်မှာ ခွေးထီးတအုပ် ခွေမတအုပ်မွေးစားထားတယ်။ သားကောင်လိုက်တဲ့အခါ ခွေးထီးတွေက အပြေးမြန် သွက်လက်တော့ သားကောင်ရတယ် ခွေးထီးတွေကို မုတ်ဆိုးကြီးကလည်း အစားကောင်း အသောက်ကောင်းတွေကျွေးတော့ ခွေမတွေက မနာလိုဖြစ်ပြီး အစည်းဝေးကြီးတခုပြုလုပ်ကြတယ်။ ခေါင်းဆောင်ခွေးမကြီးက ဘာပြောလဲဆိုတော့ ငါတို့တွေ သားကောင်းကို ရှာခဲ့အခါ အားနည်းမှုးတွေရှိတယ် ဒါကြောင်းငါတို့ သားကောင်းကို လုံးလ ၀ီရိယစိုက်ပြီး ရှာဖွေရမယ်။ ခွေးမတွေလည်း ကြိုးစားပြီးသားကောင်းလိုက်တော့ အစားကောင်းအသောက်ကောင်းတွေစားလာရတယ်။ အဲဒါကိုမကျေနပ်နဲ့ခွေးထီးက ခွေးမတွေသွားနေတာကိုကျော်ဖြတ်ပြီး သေးပန်း ပြလိုက်တယ်။ အားပြိုင်ချင်တဲ့ ခွေးမကလည်း ခွေးထီးရှေ့သွားပြီး ခြေတချောင်ထောင်ကာ သေးပန်းလိုက်တော့ ခွေးမပန်းတဲ့ သေးက နောက်ကိုပဲသွားတယ်ဆိုပြီး ခွေးထီးတွေဝိုင်ရီကြသတဲ့။

                                          ပဲခူးဆောင်ပုဒ်
စာချဆရာတော်။ အရှင်ဘုရားတို့ ဒီမြို့ကို ဘယ်မြို့လို့ခေါ်လဲ။
စာသင်သားများ။ ပဲခူးမြို့ပါဘုရား။
စာချဆရာတော်။ ဘာကြောင်းပဲခူးလို့ခေါ်လဲ။
စာသင်သားများ။ အရူးနဲ့ ခွေးပေါလို ပဲခူးလို့ခေါ်ပါတယ်။
စာချဆရာတော်။ ပဲခူးဆောင်ပုဒ်ရလားဟေ့။
စာသင်သားများ။ တင်ပါရတယ်။
စာချဆရာတော်။ ဒါဆို သံပြိုင်ဆိုကြ။
စာသင်သားများ။ မိန်းမလိုချင် ပဲခူးဝင် ရလိုရငြား ဖက်တန်းသွား မရတဲ့အဆုံး ဟင်းသာကုန်း။
စာချဆရာတော်။ ဒီဆောင်ပုဒ်ဆိုလိုချက်ကိုသိကြလား။
စာသင်သားများ။ မသိပါဘုရား။
စာချဆရာတော်။ အေး ဒီလိုကွ ရန်ကုန် မန္တလေးစသော တခြားသောမြို့တွေက လူပျိုးကြီးတွေ မိန်းမလိုချင် ပြီဆိုရင် ပဲခူးကိုဝင်လာကြတယ်။ ပဲခူးမြို့ထဲမှာ ဟိုသွားဒီသွားလိုက်ရှာတယ်။ ဘယ်လိုမှရှာလို့မရတော့ ဖက်တန်းမှာ ဆေးလိပ်လိပ်နေတဲ့ မိန်းကလေးတွေကို သွားပေါတယ်။ ရတဲ့သူတွေကလည်း ဖက်တန်းကပဲ မိန်းမရသွားကြတဲ့ မရနိုင်တဲ့ လူမျိုးကြီးတွေကျတော့ မထူတော့ပါဘူး ဆိုပြီး ဟင်သာကုန်းဘုရားမှာ နတ်ကနေတဲ့ အခြောက်မတွေကို ယူသွားကြတယ်။ ဒါကြောင်း မိန်းမလိုချင် ပဲခူးဝင် ရလိုရငြား ဖက်တန်းသွား မရတဲ့အဆုံး ဟင်းသာကုန် ဆိုပြီး ဆိုးရိုးစကားကျန်ခဲ့ကြတယ်ကွယ်။

                                       အပြောကောင်းတဲ့ ဆရာတော်
          ဟိုတုံးက ရွာတရွာမှာ တောင်ရွာ မြောက်ရွာဆိုပြီး နှစ်ပိုင်းကွဲနေကြတယ် ကျောင်းကတော့ တကျောင်းတည်း အဲကျောင်းမှာလည်း ဘုန်းကြီးကမမြဲဘူး တပါးလာ တနှစ်နေလိုက် ပြန်သွားလိုက် ဒါနဲ့ ဘုန်းကြီးတပါး အဲရွာကိုကျောင်းထိုင်ဖို့လာတယ်။ စပြီးရောက်ခါစဆိုတော့ ကျောင်းမှာလည်း ဆွမ်းကွမ်းပေါတာပေါ့။ နောက်တရက်နှစ်ရက်ဆို ဆွမ်းကွမ်း လာမလှူတော့ဘူးဆိုတာကို သိထားတဲ့ ဘုန်းကြီးက ဒကာမတွေကျောင်းကို ဆွမ်းလာပို့ရင်ဘာပြောလဲဆိုတော့။ 

ဒကာမတို့ မနေ့က တောင်ဘက်ရွာက ဆွမ်းလာပို့တာ ကြက်သားတွေ စားလို့မကုန်ဘူး ဒကာမကြီးရယ်။ အလှူရက်ရောလိုက်ကြတာ မပြောနဲ့တော့၊ ဒကာမတို့လည်း အညံ့မခံနဲ့ အလှူအတန်းလုပ်တယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲ လှူကြသိလား။ ဆိုပြီး အပြောကောင်းတဲ့ ဆရာတော်က ပြောလိုက်တော့ နောက်နေ့ မြောက်ရွာက ဒကာမတွေက ၀က်သတ်ပြီး ကျောင်းကို ဆွမ်းလာပို့တော့တယ်။ 

ဘုန်းကြီးလည်း ဆွမ်းလာပို့တဲ့ ဒကာမတွေကို တောင်ဘက်ရွာက ဘယ်လိုလှူတယ် မြောက်ဘက်ရွာက ဘယ်လိုလှူတယ်ဆိုပြီး ပြောပြတော့ မခံချင်တဲ့ ဒကာ ဒကာမတွေ့ ကြက် ငှက် ၀က်တွေကိုသတ်ပြီး ကျောင်းကိုလာလှူတော့တယ်။ ဒကာတွေသေတော့ ငရဲကိုရောက်ကြတယ်။ ငရဲရောက်နေတဲ့ ဒကာတွေကလည်း မကြာခင်တော့ ငါတို့ရွာကဆရာတော်လည်း ဒီကိုပဲလာမယ်ဆိုပြီး ငရဲပြည်ကနေစောင့်နေကြတာပေါ့။ တနေ့ဆရာတော်ပျံလွန်တော်မူတော့ ငရဲပြည်ကိုရောက်လာတယ်။ 

          ငရဲမင်းကြီးက ဆရာတော်ကို စစ်ဆေးတော့ ဒကာတွေက ကြားကနေ အရှင်ငရဲမင်း ဒီဘုန်းကြီး အပြောကောင်းတယ် ဘုန်းကြီးပြောတာမယုံနဲ့ ကျွန်တော်တို့ ငရဲပြည်ရောက်နေတာ ဒီဘုန်းကြီးကြောင်းဆိုပြီး ငရဲမင်းကြီးကိုတိုင်ကြလေရော့။ ငရဲမင်းကြီးက ဟုတ်လား ဘုန်းကြီး သူတို့ပြောတာ မှန်သလားဟု ဘုန်းကြီးကိုမေးတော့။ အရှင်ငရဲမင်း ဘုန်းကြီးဆိုတာ မှန်သောစကားကိုပဲပြောတတ်ပါတယ်။ မုသားကို မသုံးပါဘူး။ 
သူတို့ပြောတာမယုံနဲ့ မြတ်စွာဘုရားကတောင် “သမဏဿရောစတေ သစ္စံ”လို့ဟောခဲ့တာပဲ ရဟန်းသံဃာတို့ပြောတဲ့စကားသည် မှန်ကန်တယ်တဲ့။ ဒါကြောင်း အရှင်ငရဲမင်း မယုံနဲ့။
          အရှင်ငရဲမင်းကြီးကို လူပြည်မှာ လူတွေပြောနေတာနဲ့ အခု ဘုန်းကြီးမြင်တွေ့နေရတာတခြားစီးပဲ။ လူ့ပြည်မှာ တပည့်တော်အကြောင်းအကြောင်း ဘာတွေပြောကြလဲဘုရား။ 

တပည့်တော်ကို ပြောပြပါလားလို့ ငရဲမင်းလျှောက်တင်တော့။ ဘုန်းကြီးကလဲ ဒါတော့ ငါအတွက် အခွင့်အရေးဆိုပြီး။ ဒီလို အရှင်ငရဲမင်းရယ် လူ့ပြည်ကလူတွေက ငရဲမင်းဆိုတာ ရုတ်ဆိုတယ် ရက်စက်တယ် ကြမ်းတမ်းတယ်ဆိုပြီးပြောနေကြတယ် အခုဘုန်းကြီး အရှင်ငရဲမင်းကို မြင်နေတာ အသားဖြူပြီး ချောမောလှပတဲ့ ငရဲမင်းဖြစ်နေတာကို။ ဟု ဘုန်းကြီးပြောလိုက်တော့ ငရဲမင်းက မိုရတဲ့မျက်နှာဖြစ်သွားတာပေါ့။ ဘေးကနေတဲ့ ဒကာတွေက အရှင်ငရဲမင်း ဘုန်းကြီးပြောတာမယုံနဲ့ ဒီဘုန်းကြီးက အပြောကောင်းတယ်လို့ သူတပေါက် ငါတပေါက်ပြောကြတော့ ငရဲမင်းကလည်း ဒီဘုန်းကြီးပြောတာ မှန်တယ်လေ မမှန်လို့လား ဘုန်းကြီး လူ့ပြည်ကို ပြန်ပြီး သာသနာပြုစေ ဆိုပြီး ငရဲမင်းကြီးက အပြောကောင်းတဲ့ ဘုန်းကြီးကို လူပြည့်ကို ပြန်လွတ်လိုက်တော့ မခံချင်တဲ့ ဒကာတွေက လက်သီးဆုတ် ပစိကိုက်ပြီး ကျန်ခဲ့ရသတဲ့။ အရှင်ဘုရားတို့လည်း တကယ်လို့ ငရဲရောက်ရင် ဒီအကြောင်းမမေ့ကြနဲ့။

                  

Saturday, 21 July 2012

Microsoft Word 2007


              Microsoft Word 2007
                  Insert menu ပြုလုပ်ပုံ
                                 ဇယားပြုလုပ်ပုံ
Insert menu အောက်က Table ကိုနှိပ်ပါ အောက်က လေးဒေါင့် ပုံစံထဲက iကိုယ်လိုသလောက်စလက်ပြပြီး အောက်မှာဆွဲချပါ ပြီးရင် မိမိလိုချင်သောပုံစံအတိုင်းဆွဲလုပ်ပါ။ အောက်ကပုံစံကိုကြည့်ပါ။

                             နောက်တစ်မျိုးပြုလုပ်ပုံ
Insert menu အောက်ကTable to Insert table ကိုနှိပ်ပါ Box တစ်ခုကျလာရင် Number of colunns နေရာမှ မိမိလိုသလောက် ဂဏန်းရေးပါ အောက်က Number of rows နေရာမှာလည်း မိမိလိုသလောက် ဂဏန်းရေးထည့်ပါ ပြီးရင် ok နှိပ်ပါ။    အောက်က ပုံစံကတော့ 5, 4 ပုံစံနဲ့ပြုလုပ်ထားပါသည်။





















                             ပြက္ခဒိန် တစ်ခု ပြုလုပ်ပုံ
Insert menu အောက်က Table to Quick table ကိုနှိပ်ပါ ကိုယ်ကြိုက်သော စတိုင်ပုံစံကိုယူလို့ရပါသည်။ အောက်က ပုံစံကိုကြည့်ပါ။
May


M
T
W
T
F
S
S

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31



                                                                                                                                                   
             Insert menu အောက်က Picture ပြုလုပ်ပုံ။
Insert menu အောက်က picture ကိုနှိပ်ပါ မိမိထားသောနေရာမှဓါတ်ပုံကိုယူပါ ပြီးယင် Insert (ok) ကိုနှိပ်ပါ။


                                  ဓါတ်ပုံကို ဘောင်နဲ့ထားချင်ရင်။
အထက်ပါအတိုင်းပြုလုပ်ပါ ပြီးယင် Standard toolbar နေရာမှာ လေးဒေါင့်ကွင်လေးတွေရှိသည် အကွင်လေးကိုနှိုပ်လိုက်ပါ၊
( တကယ်လို့များလေးဒေါင့်ပုံစံမပါရှိခဲ့ရင် လုပ်ထားပုံကို မောက်စ်နဲ့ခေါက်လိုက်ပါ Title Bar နေရာမှ Picture Tools အောက်မှာFormat နေရာကိုမောက်စ်နဲ့တောက်ထားပါ လေးဒေါင့်ပုံ စသော ပုံစံများကိုတွေ့ရပါမည်။) အောက်ကပုံစံကိုကြည့်ပါ။
           
                        မိမိပြုလုပ်ထားသောပုံတစ်ပုံကို မုန်ဝါးဝါးဖြင့်ပြုလုပ်လိုလျှင်။
Insert menu အောက်မှ picture ကိုနှိပ်ပြီး မိမိထားသောနေရာမှဓါတ်ပုံကိုယူပါ ပြီးယင် Home menu အောက်က Brightness ကိုနှိပ်ပါ Box တစ်ခုပေါ်လာရင် 40, 30 20 ,စသည်ဂဏန်းများတွေ့ရင် အဲဒါထဲက ကြိုက်တာကိုနှိပ်လိုက်ပါ  အောက်က ပုံစံပုံမှာတော့ 40 ကိုယူထားပါသည်။





                                                                             
                                                                      
Insert menu အောင်မှ Clip Art ကိုနှိပ်ပါ ကွန်ပျူတာဘေးနာက ဒေါင့်မှာ Clip Art Box မှာ မိမိကြိုက်ရာပုံကိုယူလို့ရပါသည်။

Insert menu အောက်မှ Shapes ကိုနှိပ်ပါ Box မှာ မိမိကြိုက်ရာ စတိုင်တစ်ခုကိုယူနှိပ်ပြီ စာရွက်မှာ မောက်စ်နှင့်ဆွဲလိုက်ပါ၊ color ထည့်ချင်ရင်လည်း လေးဒေါင်း အဖြူ အနီ အ၀ါ စသည် ကာလာကိုထည့်လို့ရပါသည်။ ပုံစံ (၁) ပုံကိုကြည့်ပါ။
      ဓါတ်ပုံထည့်ချင်ရင် shape fill ကနေ Picture ကိုနှိပ်ပါ မိမိဓါတ်ပုံထားသောနေရာမှ ပုံကိုတစ်ချက်နှိပ်လိုက်ပါ၊ ဓါတ်ပုံပေါ်မှာစာရေးလို့လည်းရပါသည်။ အောက်က ပုံစ (၂ ) ကိုကြည့်ပါ။
ငါသာငှက်တစ် ကောင်ဖြစ်ခဲ့ရင် မင်းဆီကို ပျံသန်းပြီ ငါလာလိမ့်မယ်. 

 
                                                                    (၂)             
(၁)




                              ပုံတစ်ပုံကို ဘေးနားက အရိပ်နဲ့ထားပုံ။
Insert menu အောက်မှ picturt uk ကိုနှိပ်ပါ Box မှာစတိုင် တစ်ခုကိုရွေးချယ်ပါ Shapes fill ကနေ picture ကနေပုံတစ်ပုံယူပါ ပြီးယင် shadow Effects ကိုနှိပ်ပါ Box ကနေ ကြိုက်ရာစတိုင်တစ်ခုယူပါ။ အောက်က ပုံစံ (၁) ကိုကြည့်ပါ။
  တကယ်လို့များ ပုံကို စတိုင်အမျိုးမျိုးနှင်ထပ်လုပ်ချင်ရင် Shadow Effects ဘေးနာက လေးဒေါင့်ကိုနှိပ် ကစားကြည့်ရင် ပုံစံ (၂ ) အတိုင်းမြင်ရမည်။
If I were bird
I will fly to
You.
 


(၂)
(၁)



                                         3 D ပုံတွေ လုပ်ကြရအောင်။
Insert အောက်မှ shapes ကိုနှိပ်ပါ စတိုင်တစ်ခုယူပြီးရင်ဆွဲပါ shape fill ကနေ ပုံတစ်ပုံယူပါ 3-D Effects က ကြိုက်ရာစတိုင်ကိုယူပါ။ ပုံစ (၁) ကိုကြည့်ပါ။
ပုစံ (၂)ကတော့ ဘေးနာက မျှားလေးကိုကလိထားတာပါ လုပ်ကြည့်ပါ အားမလျှော့ပါနှင့်။

       (၁)                                                                (၂)




             Page Layout menu.
စာရွက်စတိုင်များကိုယူလိုလျှင် Page layout အောက်မှ Mirgins or Orientation တို့မှယူလို့ရပါသည်။
စာရွက်မှာ ဖေါင်းဆိုက်ကိုယူလိုလျှင် size မှယူလို့ရပါသည်။ ကော်လံယူ လေး ငါး ခြောက်ခု စသည် ယူလို့လျှင် Columns မှ ယူလို့ရပါသည်။


               စာတစ်စောင်မှာ နောက်ခံစာလုံးနှင့်ထားလိုလျှင်။
Page Layout အောက်မှ Watermark ကိုနှိပ်ပါ ပြီးယင် Custom Watermark ကိုနှိပ်ပါ Box တစ်ခုကျလာလျှင် Tax watermake ကိုအမှတ်ပြပါ။ အောက်က Tax နေရာမှာ မိမိ မိရေလိုသော စာကိုရေးပါ၊ (အဲဒီရေးလိုက်သောစာသည် စာရွက်ပေါ်မှာပေါ်မည်စာတမ်းဖြစ်သည်။) Font နေရာနှင့်  Size နေရာမှာလည်း မိမိကြိုက်သော font နှင့် Size ကိုယူလို့ရပါသည်။ Color နေရာမှာ မိမိကြိုက်သော ကာလာကိုယူပါ (အဲဒီကာလာသည် စာကြောင်းကာလာသာဖြစ်သည်)  မိမိရေးသောစာကို တည်းတည်းထားချင်ရင် Hirizontal ကိုအမှတ်ပြပါ ဘေးလိုက်ထားချင်ရင် Diagonal ကိုအမှတ်ပြပါ။
             မိမိရေးလိုသော စာရွက်တစ်စောင်ကို ကာလာနှင့် ထားလိုလျှင်။
Page layout အောက်မှ Page Color ကိုနှိပ်ပါ မိမိကြိုက်သော ကာလာကိုယူပါ၊ ကော်ဇော ပုံစတိုင်မျိုးယူလိုလျှင် Page Color to Fill Effect to Texture ကိုနှိပ်ပြီး မိမိကြိုက်ရာစတိုင်ကိုယူပါ။ Pattern ကနေလည်းယူလို့ရပါပါည်။ ဓါတ်ပုံကိုယူလိုလျှင်လည်း picture ကနေ မိမိထားတဲ့ဖိုင်ကနေယူလို့ရပါသည်။
                          စာမျက်နှာကို ဘောင်အလှများနှင့်ထားလိုလျှင်
 Page Layout ကိုနှိပ်ပါ Page Borders ကိုနှိပ်ပါ Box တစ်ခုပေါ်လာသောအခါ Page Border ကိုတစ်ချက်နှိပ်ပါ ပြီးယင် အောက်ဆုံး နားက Art  အောက်က (None) ကိုနှိပ်ပြီး ကြိုက်ရာစတိုင်ကိုယူပါ။ ဘောင်အလှစတိုင်ကိုဖျက်လိုလျှင် setting အောက်က None ကိုနှိပ်ပါ။
                               လိပ်စာကတ်ပြုလုပ်ပုံ
Insert menu အောက်က Shapes ကနေ လေးဒေါင့်တစ်ခုယူပြီးဆွဲပါ၊ Text Box ကိုနှိပ်ပါ Box တစ်ခုကျလာယင် Draw TexBox ကိုနှိပ်ပြီး ဘေးမှာ လေးဒေါင့်တစ်ခုဆွဲပြီး အထဲမှာ နာမည် နေရပ်လိပ်စာရေးပါ၊ ကိုယ်လိုချင်သော စာလုံးစတိုင်းကို Home menu အောက်မှပြောင်းလို့ရပါသည်။ ရေထားသော လိပ်စာကြီးနေလျှင် Home menu အောက်က Paragraph အောက်နားက အစက်လေး ကိုကလိပ်